RSS

Category Archives: Remembrance

Play with my Scientific calculator

Sometime, I played with my scientific calculator by keying in some names & words that comes in my mind. Names & words include Person who I admire, people who I love and care, words that inspire me and sometime those words represent my feeling.

This slideshow requires JavaScript.

Opss… no more power left in my battery to take photo. There are still many more in my mind but I’ll stop it for now. Have fun. :D

 
Leave a comment

Posted by on May 3, 2012 in Remembrance

 

MUFL အမှတ်တရ သီချင်း

ကမ္ဘာလေးတစ်ခု

Vol 1 : UFL မှာသင်ယူခဲ့ သူငယ်ချင်းတွေ… ဒီချိန်မှာပြန်ဆုံတွေ့ကြရတာ

အလွန်ပဲဝမ်းသာတယ်…ဆရာဆရာမတွေအားလုံးလည်း ပါဝင်ကြပါတယ်

ကိုယ်စီရည်ရွယ်ချက်တွေဆီ လျှောက်လှမ်းကြရာဝယ်…

* အောင်မြင်မှုများရတဲ့အချိန် ဆရာဆရာမများရဲ့ကျေးဇူးကို အားလုံးအမှတ်တရရှိဖို့ကို

တိုက်တွန်းလိုက်ပါတယ်…

Cho: တို့ရဲ့ UFL ကျောင်းကြီးမှာ…အားလုံးနဲ့တွေ့ဆုံခဲ့ရတာ အတိတ်ကတို့ရဲ့ရေစက်ကြောင့်သာ

ဆုံတွေ့ကြတာပါ။ တို့ရဲ့ အမိတက္ကသိုလ်ကျောင်းထဲ အမှတ်တရနေ့များစွာရှိခဲ့ အမြဲတမ်းမေ့မရနိုင်ခဲ့တဲ့ ကမ္ဘာလေးတစ်ခုပါကွယ်…

Vol 2: ပြီးဆုံးခဲ့တဲ့အချိန်တွေဟာ ပြန်မလာတော့ပါ…

အချိန်တန်ရင်လာရာလမ်းလေးအတိုင်းကို ပြန်ကြရမှာပါ…

မိတ်ဆွေတွေလိုအမြဲတမ်းပဲ အခင်အမင်မပျက်ပါနဲ့ အိုး…… ဒီချိန်မှာတို့တွေဟာ

အောင်မြင်မှုများစွာနဲ့……

(*) Cho:

(*) Cho:2

Composed by MUFL Chinese, friends

Download Recording : ကမ္ဘာလေးတစ်ခု

Password: mufl

မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် တရုတ်ဘာသာမိသားစု ပထမအကြိမ်အာစရိယပူဇော်ပွဲ မှာသီဆိုခဲ့တဲ့ MUFL သူငယ်ချင်းများ အတွက် အမှတ်တရ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းစာသားတွေကတော့ စာသင်ခန်းအားလပ်ချိန်မှာ အစ်ကို သူငယ်ချင်းတွေ အပျော်တမ်းရေးစပ်သီဆိုရင်း သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဆရာကန်တော့ပွဲ လုပ်ဖို့အစီအစဉ်ဖြစ်ခဲ့တဲ့အခါ ဒီသီချင်းကိုအမှတ်တရ ပြန်လည်သီဆိုဖို့ EC တွေမအားတဲ့ကြားကနေ ဆရာကန်တော့ပွဲအတွက် ပြင်ဆင်စရာ ကိစ္စတွေ ဆွေးနွေးတိုင်ပင် လုပ်ဆောင်ပြီးတဲ့အချိန်တွေမှာ သီချင်းတိုက်ဖြစ်ခဲ့ပါတယ်။ 03’ Batch က အစ်မတစ်ယောက်အိမ်မှာပဲ သူငယ်ချင်းတွေစုပြီး အသံသွင်းခဲ့ပါတယ်။ ဇော်ဝင်းထွဋ် ရဲ့အနှိုင်းမဲ့သီချင်းကို နောက်ခံတီးလုံးအဖြစ်ထားခဲ့ပါတယ်။ အသံသွင်းတာကတော့ ကင်မရာရဲ့ recording mode နဲ့ပဲသွင်းယူခဲ့ပါတယ်။ သီချင်းကို အကြမ်းထည်အနေနဲ့သာ အသံသွင်းနိုင်ခဲ့ပေမယ့် သူငယ်ချင်းတွေ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။

 
3 Comments

Posted by on January 7, 2012 in Remembrance

 

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

Remembrance of 96th Birthday of General Aung San on coming Feb 13, 2011. We learned this poem at our primary school age.

Credit and Many Thanks to original post: 1st Eleven Journal

Please download the remembrance song here.

 
1 Comment

Posted by on February 10, 2011 in Remembrance

 

နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်း

တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ-

တို့ပြည်-တို့မြေ-

များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-

ခွင့်တူညီမျှ-၀ါဒဖြူစင်တဲ့ပြည်-

တို့ပြည်-တို့မြေ-

ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-

အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။

(ကမ္ဘာမကျေ-မြန်မာပြည်-

တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂

ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။

ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။

တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ

ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ

အဖိုးတန်မြေ။

နိုင်ငံတော်သီချင်း အသံဖိုင်ယူရန် >> နိုင်ငံတော်သီချင်း.mp3

 
Leave a comment

Posted by on October 21, 2010 in Remembrance

 

ချောကလက်လေးတွေတန်းစီ…

ငယ်ငယ်တုန်းက ဒီအရုပ်ကလေးတစ်ရုပ်ရဖို့ ချောကလက် အများကြီးဝယ်စားခဲ့ရတယ်။

 
Leave a comment

Posted by on December 2, 2009 in Remembrance

 

Gift

အမှတ်တရ လက်ဆောင်ရထားတာကြာပြီ။ ခုမှ ဓာတ်ပုံရိုက်စရာ ကိစ္စလေးရှိတာနဲ့  သူငယ်ချင်းတစ်ယောက်ဆီက ကင်မရာ ငှားဖြစ်ရင်း တစ်ခါတည်း ဓာတ်ပုံရိုက်တင်ဖြစ်သွားတာပါ။

 
Leave a comment

Posted by on November 26, 2009 in Remembrance

 

အလင်း …………… သို့

ရက်တွေ တစ်ရက်ပြီးတစ်ရက်
တိုးတိုးလာတယ်။
လတွေ တစ်လပြီးတစ်လ
ထပ်ထပ်လာတယ်။
နာရီတွေ ရွေ့လျားနေတာဟာ
လည်ပတ်မြဲ လည်ပတ်နေတယ်။
ငါ့ဘ၀ကိုလည်း ရည်မှန်းချက်ကို
အဖော်ပြု လဲကျရင်တောင် ခုတုံးလုပ်ပြီး
ငါ့ပန်းတိုင်ဆီ တိုးပြီးတက်နေမယ်။

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်အတွက် အမှတ်တရရေးပေးထားတဲ့ ကဗျာဖြစ်ပါတယ်။

 
Leave a comment

Posted by on November 19, 2009 in Remembrance

 

Mandalay University of Foreign Languages (MUFL)

My university.

MUFL 1

MUFL 2

MUFL 3

MUFL 4

MUFL 5

 
2 Comments

Posted by on September 13, 2009 in Remembrance

 

MUFL နှစ်ပတ်လည်သီချင်း

အို… MUFL တက္ကသိုလ်

ဖွင့်တဲ့နှစ်ကို တွက်မယ်ဆို…

၁၉၉၇ ဆောင်းကာလ အေးသကို

ဒီဇင်ဘာအစွန် သုံးရက်ပဲ စလို့ကြို…

၁၉၉၇ ဆောင်းလေဦးအချမ်းပို

ဒီဇင်ဘာအစွန် သုံးရက်ဆောင်းကစသကို

တက္ကသိုလ်ဖွင့်လို့ အများကြိုဆို…

Foreign Language ပညာကို

မန်းမှာလည်း ဖွင့်လို့ကြို…

စကားသံလည်းမစဲသကို အားမာန်လည်းမြဲသကို

မမေ့နိုင်ဘူး တို့တက္ကသိုလ်…

တူညီညာရောင်စုံခြယ်

ပန်းစုံတွေခင်း လေညှင်းသင်းပျံ့ကြွယ်

ဘာသာစကားရဲ့ ပန်းပွင့်တွေကို

ထူထောင်ကာ ကြို… ဆို

၁၉၉၇ ဆောင်းလေဦး အချမ်းပို

ဒီဇင်ဘာအစွန် သုံးရက်ဆောင်ကစသကို

နှစ်လည်ပြည့်လို့ လန်းဖြာသကို…

သီချင်းခေါင်းစဉ် – ဦးပိုမြင့်၊ ပါမောက္ခချုပ်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်။

သီချင်းစာသား – ဒေါ်ရွှေရွှေ၊ တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်။

 
5 Comments

Posted by on September 12, 2009 in Remembrance

 

Logo

logo

Chinese major Table Tennis ပြိုင်ပွဲမှာ ၀တ်ဖို့အင်္ကျီအတွက် နောက်ဆုံးအနေနဲ့ ကျနော် ပြုလုပ်ပေးခဲ့တဲ့ Logo ဖြစ်ပါတယ်။ ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး။ Internet ကပုံတချို့ကိုပဲရယူပြီး အနည်းငယ်ပြောင်းလဲ အသုံးပြုထားတာပါ။

ဌာနမှုးပြောနေကျဖြစ်တဲ့ 中文系 (တရုတ်ဘာသာဌာန) အတွက် 贡献 (ပေးဆပ်မှု) တွေထဲကတစ်ခုပေါ့။

 
1 Comment

Posted by on September 11, 2009 in Remembrance

 
 
Follow

Get every new post delivered to your Inbox.