RSS

Category Archives: Philosophy

လူတွေလူတွေ တို့တစ်တွေ

အချို့အချို့သော လူတွေမှာ လူမှုရေး၊ စီးပွားရေး၊ ချစ်ခြင်းမေတ္တာ… အစရှိတဲ့ နိတ္တဓူဝအရေးကိစ္စ တွေမှာ အတ္တတွေ၊ မာနတွေ၊ လောဘ၊ ဒေါသ၊ မောဟ၊ ဟန်ဆောင်မှု၊ ကောက်ကျစ်မှု၊ လိမ်လည်မှု၊ ၀န်တိုမှု၊ ပြိုင်ဆိုင်မှု စတဲ့ စိတ် နဲ့ ဆန္ဒတွေကို ရှေ့တန်းတင်တဲ့သူတွေ များလာလိုက်ကြတာ။ ဘာလို့ အဲဒါတွေကို ရှေ့တန်းတင်ပြီး ကိုယ့်ဖို့ချည်း တွေးနေကြသလဲဆိုတာတော့ မပြောတတ်ဖူး။

နည်းနည်းလောက်ငါ့ဖို့ ဆိုတာလျှော့လိုက်ရင် စိတ်အေးချမ်းမှုတွေ၊ ကုသိုလ်တွေရသွားမှာ တော်တော်စိုးရိမ်ကြတယ်ထင်တယ်။ မသိလို့အမည်ခံတစ်မျိုး၊ သိသလိုမသိသလိုတစ်မျိုး၊ သိသိကြီးနဲ့တစ်မျိုး တွေနဲ့ မပေါ်မထင်၊ ပေါ်ပေါ်ထင်ထင် မကောင်းတဲ့ စိတ် နဲ့ ဆန္ဒ ကိုရှေ့တန်းတင် ကျင့်သုံးလာကြတယ်။ တစ်ဖက်လူ ဘယ်လိုခံစားရမလဲ၊ ဘာဖြစ်သွားမလဲ၊ ဘယ်လိုဆိုရင် နှစ်ဦးနှစ်ဖက် ပြေလည်သွားကြမလဲ ဆိုတာကိုတောင် မစဉ်းစားနိုင်တော့လောက်အောင်ကို ငါငါငါတွေ ဖြစ်နေကြပါတယ်။

ကိုယ်ကျင့်သီလ၊ ဒါန၊ စာရိတ္တ၊ ယုံကြည်မှု၊ ကတိ၊ သစ္စာ၊ မေတ္တာ၊ ကရုဏာ၊ စေတနာ၊ အနစ်နာ စတဲ့ တန်ဖိုးထား လက်ကိုင်ကျင့်သုံးသင့်တဲ့ အစစ်အမှန်တွေ ဘယ်နားကျကျန်ခဲ့သလဲ လို့တောင်မေးရမလိုပါဘဲ။ တစ်ချို့က စသလိုနောက်သလိုနဲ့ ပြောကြသေးတယ်၊ ရှိတာပေါ့ အဘိဓမ္မာစာအုပ်ထဲမှာတဲ့ ကောင်းရော။ လက်ရှိမှာ လူတစ်ချို့ပြောဖြစ်တဲ့ အဆိုလေးကိုလဲ တွေးကြည့်ဖို့ ဥပမာလေးပေးလိုက်ပါဦးမယ်။ “လူရိုး ဆိုတာ သင်္ချိုင်းမှာပဲရှိတော့ တယ်”တဲ့။ ဒါဆို အဲလိုပြောတဲ့ လူကိုယ်တိုင်ကရော ရိုးသားမှုဆိုတာကို တန်ဖိုးထားခဲ့ဖူးပါသလား၊ ရိုးသားမှုကိုအခြေပြုပြီး ကျင့်သုံးခဲ့ဖူးသလားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။

သူကိုယ်တိုင်က အမှန်တကယ်ရိုးသားပြီး ရိုးသားမှုကိုတန်ဖိုးထားကျင့်သုံးခဲ့ရင် ဒီအဆိုဟာအပြည့်အ၀ မမှန်ကန်ဘူးလို့ ပြောလို့ရ သွားပြီပေါ့။ အဲလိုနဲ့ တစ်ယောက်ကနေနှစ်ယောက် နှစ်ယောက်ကနေလေးယောက်စသဖြင့် တန်ဖိုးထားကျင့်သုံးလာရင် ရိုးသားတဲ့လူတွေ အများကြီးဖြစ်လာပြီး “လူရိုးတွေပြည့်နေတဲ့မြန်မာ” လို့တောင် ဂုဏ်ယူပြီးပြောလို့ရဦးမှာပါ။

ကဲ…သင်ကကော သင်လုပ်ဆောင်ဆဲ၊ လုပ်ဆောင်ခဲ့တဲ့ အရေးတွေမှာဘယ်လို စိတ်၊ ဆန္ဒတွေကို  ရှေ့တန်းတင်နေလဲ ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိပါရဲ့လား။ ကိုယ့်ကိုယ်ကို အားနာပြီးမညာပါနဲ့။ ဘယ်သူမှသင့်ကို ထုတ်ဖော်မပြောခိုင်းသလို လူရှေ့မှာလဲ မ၀န်ခံခိုင်းပါဘူး။ ကိုယ့်ကိုယ်ကို ပြုပြင်ချင်တဲ့ စိတ်ဆန္ဒကလေးရှိရင် အချိန်မှီ ပြုပြင်နိုင်အောင်လို့ပါ။ နဖူးပေါ်လက်တင် စဉ်းစားကြည့်ပါဦး။

(ရန်ပြေ)

ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်သည်။

လူ့ဘုံလောက၊ အကာမျှတည့်၊

သူက ငြူစူ၊ မကြည်ဖြူ၍၊

ခွာယူလိုက၊ ခွာ၍ရ၊

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊

လူ့ဘုံလောက၊ နှစ်သာရတည့်၊

သူကငြူစူ၊ မကြည်ဖြူလည်း၊

ခွာယူမရ၊ ကွာမကျ။

(ဇော်ဂျီ)

 
Leave a comment

Posted by on May 8, 2012 in Philosophy

 

Jack of all trades, master of “One”

လက်ရှိ လေ့လာနေတဲ့ အရာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်မတတ်မြောက်ပဲနဲ့ ဟိုဟာထပ်သင်ချင်တယ် ဒီဟာထပ်လေ့လာချင်တယ် ဆိုရင်တော့ ဘယ်တစ်ခုမှ ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ ယောင်ခြောက်ဆယ်သာ ဖြစ်နေပါလိမ့်မယ်။

ကျနော့် အနေတဲ့ မှီသလောက်စဉ်းစားမိတာကို ပြောရရင် သင်က အရာတော်တော်များများကို အပေါ်ယံ ကျွမ်းကျင်ပိုင်နိုင်တယ် ဆိုပါစို့ ဒါပေမယ့် ဘယ်တစ်ခုကိုမှ ထဲထဲဝင်ဝင်ကျွမ်းကျင်မှု မရှိဘူးဆိုရင် အကြောင်းအရာတစ်ခုကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင် လုပ်ကိုင်လာရပြီဆိုလျှင် လုံလောက်တဲ့ဗဟုသုတ အတွေ့အကြုံမရှိတဲ့အတွက် စံချိန်မှီတဲ့ အောင်မြင်မှု ရလဒ်တစ်ခုကို ရရှိနိုင်မှာမဟုတ်ပါဘူး။

အင်္ဂလိပ်စကားပုံမှာ Jack of all trades, master of none. မြန်မာလိုပြောရရင် ကိစ္စတော်တော်များများကို အသင့်အတင့်လောက် နားလည်ထားတယ် ဒါပေမယ့် အကျွမ်းကြီးတော့ မဟုတ်ဖူးလို့ အဓိပ္မာယ် သက်ရောက်ပါတယ်။ အချို့အမြင်မှာကတော့ သဘောတရားအကြမ်းဖျင်းလောက် သိထားရင် အဆင်ပြေတယ်ပေါ့။ သိပ်အကျွမ်းကြီးမဟုတ်လဲ ကိစ္စမရှိဘူးပေါ့။ ကျနော့်အမြင်မှာတော့ အဲဒီစကားပုံက tricky နည်းနည်းဆန်တယ်လို့ မြင်မိတယ်။

Master of none လို့ပြောလိုက်တာက ကြိုးစားဖို့ လှို့ဆော်မှုကို အနည်းငယ်လျော့စေအောင်လုပ်လိုက်သမျိုး ဖြစ်စေတယ်လို့ ထင်မိပါတယ်။ အကောင်းဆုံးမဖြစ်လဲ လက်ခံနိုင်လောက်တဲ့ အနေအထားဆို ရပါတယ် ဆိုတာမျိုးကို ကျနော့်အနေနဲ့ မြင်မိပါတယ်။ လူဆိုတာ ရည်မှန်းချက်ကို မြင့်မြင့်ထားနိုင်မှ တော်ရုံကျပါတယ်။ နောက်ပြီး Jack of all trades ဆိုတာကို လက်ခံကျင့်သုံးပြီး အသင့်အတင့်တက်ရုံနဲ့ ရပ်တန့်မနေဘဲ တစ်ခုခုကိုတော့ ကိုယ့်ဘက်က အကောင်းဆုံးကျွမ်းကျင်ပိုင်နိုင်မှုရှိရင် ကိုယ့်အတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ထင်မိပါတယ်။

မှတ်ချက်။    ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ :)

 
1 Comment

Posted by on November 20, 2011 in Philosophy

 
 
Follow

Get every new post delivered to your Inbox.