သားသမီးကျင့်ဝတ် (၅)ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေးခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
မိဘကျင့်ဝတ် (၅) ပါး
မကောင့်မြစ်တား၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်
ဖခင်မယ်တို့တာ။
တပည့်ကျင့်ဝတ် (၅) ပါး
ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
ဆရာ့ကျင့်ဝတ် (၅) ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
လင်ကျင့်ဝတ် (၅) ပါး
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။
မယားကျင့်ဝတ် (၅) ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ
ပြင်းရိမမူ၊ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။
မိတ်ဆွေကျင့်ဝတ် (၅) ပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်၊ နှုတ်မြွတ်ချိုသာ
သစ္စာမှန်စေ၊ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ။
အကြီးအကဲကျင့်ဝတ် (၆) ပါး
ထကြွနိုးကြား၊ သနားသည်းခံ
ဝေဖန်ကြည့်ရှု၊ ဤခြောက်ခုကား
ကြီးသူကျင့်ရာ တရားတည်း။
အလုပ်ရှင်ကျင့်ဝတ် (၅) ပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်
နာကျင်ကုစေ၊ ငှဝေရသာ
အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်
မချွတ်ငါးခုသာ။
အလုပ်သမားကျင့်ဝတ် (၅)ပါး
အိပ်သော် နောက်ကျ၊ ထသော်ကား ရှေး
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်
ကျေးဇူးမြတ်၊ ငါးချက်လုပ်သားဝတ်။
မိတ်ဆွေပျက် (၆) ပါး
ကြွေအံကြူးထ၊ မိန်းမကြူထွေ
သေစာကြူမှု၊ အံတုပြုငြား
လှည့်စားတစ်ထောက်၊ မျက်မှောက်လှည့်ချက်
နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊
မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေအပြစ်တည်း။