RSS

Category Archives: Greeting

Welcome 2011

Dear Readers;

As the new year blossoms, may the journey of your life be fragrant with new opportunities, your days be bright with new hopes and your heart be happy with love! Happy New Year! (=^_^=)

With regards

Yan Pye (ရန်ပြေ)

 

 
Leave a comment

Posted by on January 1, 2011 in Greeting

 

Blog ရေးသားရခြင်းရည်ရွယ်ချက်

ကျွန်တော် Blogရေးဖြစ်ခဲ့တဲ့အကြောင်းကို ပြောရမယ်ဆိုရင် ကျွန်တော့်ကွန်ပျူတာဆရာ ကြောင့် ဖြစ်လိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဆရာ Blog ရေးတာကို အားကျတယ်လေ။ ဆရာက Blog ရေးပြီး သူ့Ideaတွေဆောင်းပါးတွေနဲ့ သူ့ရဲ့ Camera ကြီး တကားကားနဲ့ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို Blog မှာအမြဲတင်တယ်လေ။ ကျွန်တော်က ဓာတ်ပုံရိုက် တာလည်း ၀ါသနာပါတယ်။ ဒါပေမယ့် ခုချိန်မှာ ကိုယ်လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရမယ်လေ။ ကျွန်တော့်မှာ အဓိကဦးစားပေးပြီး လေ့လာရမယ့် ဘာသာတွေ ရှိနေသေးတယ်လေ။

အော်…စကားမဆက် ကျွန်တော်ဦးစားပေး လေ့လာရမယ့်ဘာသာဆိုတာ Electrical & Eelectrronic Engineering(EEE) ကို ပြောတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ EEE က နောင်ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းဘာသာ ဖြစ်လာမှာမို့လေ။ ဘွဲ့ကတော့ B.A(Chinese) နဲ့ ဘွဲ့ရခဲ့တာပါ။ တစ်ခြားစီပဲနော်… ကျွန်တော်က ဆရာ့လိုဆောင်းပါးတွေကို ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာဖြစ်အောင်တော့ Blog ကို မရေးတတ်သေးပါဘူး။ စိတ်ဝင်စားပြီး စွဲဆောင်မှုရှိတဲ့ ဆောင်းပါးတွေရေးဖို့ဆိုရင်လည်း ကျွန်တော့်မြန်မာစာအရေးအသား ကောင်းပုံမျိုးနဲ့ဆို Blog မှာ ပွဲစည်သွားနိုင်တယ်။ ရိုက်ပေါက်တွေ ဖြစ်သွားနိုင်လို့လေ။ ဒါကြောင့် ကျွန်တော်ပညာရေးနဲ့ဆိုင်တဲ့အကြောင်းကိုပဲ ရေးဖို့စဉ်းစားခဲ့ပါတယ်။ တတ်သလောက်မှတ်သလောက်ပေါ့။ ကျွန်တော်က ဗဟုသုတဖြစ်စရာစာတွေနဲ့ စိတ်ဝင်စား စရာတွေကို Notebook ထဲမှာ ရေးမှတ်တဲ့အကျင့်လေးရှိတယ်။ Notebook ဆိုလို့ Laptop လို့ မထင်လိုက်နဲ့နော်။ မှတ်စုစာအုပ်ကိုပြောတာ။

ခုဟာက Internet, Email ခေတ်ဆိုတော့ ကျွန်တော် Notebook မှာ ရေးမှတ်ပြီး ကျွန်တော် တစ်ယောက်တည်း လေ့လာနေတာထက်ဆိုင်ရင် Blog ပေါ်မှာရေးလိုက်တယ့်အတွက် အများအတွက်ပါ အကျိုးရှိသွားစေမယ်လို့ ထင်မိတယ့်အတွက်ပါ။ ဒါ့အပြင် ကျွန်တော် ကိုယ်တိုင် MemoryRecall ပြန်လုပ်ချင်တဲ့အခါ Notebook မပါခဲ့ရင်တောင် Internet ရှိတဲ့ ကမ္ဘာရဲ့ဘယ်နေရာရောက်ရောက် ကျွန်တော့်ရဲ့မှတ်စုလေးကို ပြန်ကြည့်နိုင်တယ်လေ။ (Block လုပ်ထားတဲ့တစ်ချို့နေရာဒေသတွေကလွဲရင်ပေါ့။) ကျွန်တော်ဘာမှပြောဘူးနော်။ ဒါနဲ့ ကျွန်တော့်မှတ်စုထဲက မှတ်သားထားတာနဲ့ လေ့လာထားတာတွေကို Blog ပေါ်မှာ ရေးဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကျွန်တော်သိထားတာတွေအပြင် စာဖတ်သူတို့ထံမှ အကြံပြုချက်များနှင့် Ideaများကိုလည်း ၀မ်းမြောက်စွာကြိုဆိုရင်း ကျွန်တော်ဘာကြောင့် Blog ရေးသားရတယ်ဆိုတာကို ဤနေရာမှဘဲ အသိပေးလိုက်ပါရစေ။

ဆရာ့ Website ကိုဝင်ရောက်လေ့လာချင်သူများ ဒီမှာကြည့်နိုင်ပါတယ်။

http://www.nyiminsan.com/

 
Leave a comment

Posted by on June 20, 2009 in Greeting

 

မင်္ဂလာပါခင်ဗျာ။

ဝင်ရောက်ကြည့်ရှုသူများမင်္ဂလာပါခင်ဗျာ။

If you can’t read the blog posts, you can download the font here.

Font Installation procedure: here

 
Comments Off

Posted by on June 19, 2009 in Greeting

 
 
Follow

Get every new post delivered to your Inbox.