RSS

Category Archives: Feeling

မိုး

မိုးတွေရွာနေတယ်

မိုးရွာရင် သိပ်ပျော်တဲ့ ချစ်သူကိုသတိရတယ်။

မိုးသီးတွေ တဖြောင်းဖြောင်းကျနေတယ်

နှလုံးသားထဲမှာ မိုးခြိမ်းသံဆူညံနေတယ်။

မိုးရွာတာ မနှစ်သက်သူတစ်ယောက်

နှစ်သက်စွာ ခံစားမိနေတယ်။

မိုးတိတ်မှ မိုကြိုးမှန်တဲ့အဖြစ်

အချစ်ကို မြတ်နိုးမိသူရဲ့ အပြစ်။

 

ကော်ဖီတစ်ခွက် မှတ်စုတစ်အုပ်နဲ့ ကာရံမဲ့ ကဗျာတစ်ပုဒ် အဆုံးသတ်ခဲ့ပြီ။

 

 
Leave a comment

Posted by on April 6, 2012 in Feeling

 

နိုင်ငံခြားသွားမှတဲ့လား

ခြောက်တန်း၊ ခုနစ်တန်းမျှပင် အောင်ပြီးလုပ်ငန်းရှင်ဖြစ်နေကြသူများ မြန်မာပြည်တွင် အများအပြားတွေ့ရသည်။ သူတို့ဘာကြောင့် ကြီးပွားနေရသနည်း။ ထိုသူများကား ကြိုးစားကြသည်။ ထို့ကြောင့် သူတို့ကိုယုံကြည်ကြသည်။ ထို့ကြောင့် ရေရှည်ရပ်တည်တည်နိုင်ခြင်းဖြစ်သည်။ အလုပ်ကပင် သူတို့ကို သင်သွားသဖြင့် ပိုပြီး အရည်အချင်းတက်လာခြင်းဖြစ်သည်။ …

နိုင်ငံခြားမှာ နေခြင်း၊ မနေခြင်းထက် ကိုယ့်ဘ၀ကို ရပ်တည်သောအခါ တကယ်အရည်အချင်းရှိအောင် ကြိုးစားအားထုတ်ထားသင့်သည်။ သို့မဟုတ်လျှင် မည်မျှသော ဘွဲ့ဒီဂရီများ ရရှိထားစေကာမူ မည်သူကမျှ အားကိုးအားထားပြုကြလိမ့်မည် မဟုတ်ပေ။ …

နိုင်ငံခြားသွား၍ အလုပ်လုပ်သည်ဖြစ်စေ၊ ပြည်တွင်းမှာအလုပ်လုပ်သည်ဖြစ်စေ… အမျိုးသားရေးစိတ်ဓာတ် အပြည့်အ၀ဖြင့် အရည်အချင်းရှိသောနိုင်ငံသားများဖြစ်အောင် ကြိုးစားအားထုတ်သင့်သည်ဟု ယူဆမိသည်။ …

ကိုယ်ပိုင်အရည်အချင်းရှိလျှင် အနည်းငယ်သော ၀င်ငွေကပင် မိမိဘ၀ကို လုပ်ငန်းရှင်ကြီးအဖြစ်ကို ပြောင်းလဲနိုင်သည်။ ပြောင်းလဲပြောင်းလဲခဲ့ကြသည်။ “ကြွက်သေတစ်ခု အရင်းပြု” ဟုပင် ဆိုရိုးစကားပြုထားကြရသည် မဟုတ်ပါလား။ ထို့ကြောင့် “နိုင်ငံခြားကို သွားမှတဲ့” ဟူသော အတွေးမျိုး မတွေးကြစေချင်ပါ။ မည်သည့် နေရာမှာပင်နေနေ အရည်အချင်း ပညာစာရိတ္တ ကောင်းကောင်းနှင့်သာ ကြိုးစားအားထုတ်စေချင်ပါသည်။ အရည်အချင်းရှိပြီး ရိုးသားကြိုးစားသူများကို လောကကြီးက လာဘ်ဆောင်ကောင်းများနှင့်အတူ တိုးတက်သောဘ၀ဖြစ်အောင် ဆောင်ကြဉ်းပေးနေပါသည်။

မှတ်ချက်။   ။ ဘုန်းမိုးသွန်း (မုံရွာ) 7Day News Journal တွင် နိုင်ငံခြားသွားမှတဲ့လား ဆောင်းပါုးမှ မှတ်သားသင့်တဲ့ စာစုလေးတွေကို ပြန်လည်တင်ပြပေးထားခြင်းဖြစ်ပါတယ်။ ကျနော် မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ အရင်တက်ခဲ့တဲ့သင်တန်းက Junior ကျောင်းသား၊ကျောင်းသူလေးတွေကို အတွေ့အကြုံ မျှဝေပေးတဲ့ speech လေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ ကိုယ်တတ်နိုင်သလောက်လဲ ကျောင်းသား၊ ကျောင်းသူတွေကို နားလည်သဘောပေါက်အောင် ရှင်းပြပေးခဲ့ပါတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိဘူး။ ပြောပြီး ၅ ရက်လောက်အကြာမှာ 7Day News Journal မှာ ဘုန်းမိုးသွန်း (မုံရွာ) ရေးတဲ့ ဆောင်းပါးလေးကိုတွေ့တော့ ကျောင်းသား၊ကျောင်းသူတွေအတွက် တစ်ဖက်တစ်လှမ်းက ပိုပြီးအသိတိုးလိမ့်မယ်လို့ မျှော်လင့်မိတဲ့အတွက် ပြန်လည်ရေးသားမျှဝေခြင်းဖြစ်ပါတယ်။

 
Leave a comment

Posted by on June 16, 2011 in Feeling

 

တည်ငြိမ်သောစိတ်

လူတွေဟာ စိတ်ဖိစီးမှုများရင်၊ စိတ်ဓာတ်ကျရင် ဒါမဟုတ် စိတ်ဆိုးတဲ့အချိန်တွေမှာဆို ဘာလုပ်ရမှန်းမသိအောင် ထူပူသွားတတ်ကြပါတယ်။ ဒါမျိုး လူတိုင်းကြုံဖူးကြပြီးသား ဖြစ်မှာပါ။ ခုပြောပြမှာကတော့ အဲလိုဖြစ်တဲ့အခါမှာ ဘယ်လိုနေထိုင်သင့်လဲ ဆိုတာလေးတွေကို ပြောပြပါ့မယ်။

စိတ်ဖိစီးတဲ့အခါ – အသက်ရှုတဲ့အခါမှာ နှာခေါင်းကနေ ဖြည်းဖြည်းမှန်မှန်ရှုပြီး ပါးစပ်ကနေလေကိုဖြည်းဖြည်းပြန်ထုတ်ပါ။ စိတ်တည်ငြိမ်သွားတဲ့အထိ ပုံမှန်လေးဖြေးဖြေးမှန်မှန် ပြုလုပ်ပေးပါ။ တရားသဘောနဲ့ပြောရရင် ၀င်လေ ထွက်လေ မှတ်ပေးပါ။ (တရားထိုင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။)

ဒါမှမဟုတ် စာအုပ် စာစောင် တစ်ခုခုကိုဖတ်ပေးပါ။ (ကိုယ့်စိတ်ကိုအေးချမ်းစေနိုင်မယ့် စာအုပ်မျိုးပါ)၊ ရေနွေးနဲ့ရေချိုးပါ (အဲဒါကလဲ ကြွက်သားတွေတင်းနေတာကို လျှော့ကျပြီး စိတ်ဖိစီးတာကိုလျှော့ကျစေနိုင်ပါတယ်)၊ စကားအနည်းငယ်ပြောပါ (မိတ်ဆွေ သူငယ်ချင်းကို ရင်ဖွင့်ပါ)၊ ၀ါသနာပါရာ တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်နေလိုက်ပါ။ အဲဒီလိုအချိန်မှာ သိပ်အများကြီး မစဉ်းစားပါနဲ့။

စိတ်ဆိုးတဲ့အခါ – အရင်ပျော်ခဲ့တဲ့အချိန်ကို ပြန်သတိရပါ။ အမှားမပြောမိအောင် ကိုယ့်စိတ်ကိုပြန်ဖြေဖျောက်ပါ။ စိတ်ဆိုးတဲ့အခါမှာ အမှားပါတတ်ပါတယ်။ သူ့ဘက်ကိုယ့်ဘက် စိတ်ထားကြည့်ပါ။ အဲလိုချိန်မှာ တစ်ဖက်သတ်တွေးမိလိုက်တာက မဖြစ်သင့်တဲ့ အမှားတွေဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဆိုးနေတဲ့အချိန်မှာ စိတ်ကို စိတ်ဆိုးတဲ့ အာရုံကနေ ပြောင်းနိုင်အောင် တစ်ခုခုကိုအာရုံစိုက်လိုက်ပါ။ အပေါ်ကနည်းလမ်းတွေအတိုင်းလုပ်ရင်လဲ ရပါတယ်။

စိတ်လှုပ်ရှားတဲ့အခါ – စိတ်လှုပ်ရှားလွန်းတဲ့အခါမှာလဲ အမှားဖြစ်သွားတတ်ပါတယ်။ အဲဒီချိန်မှာ အတွေးတွေသိပ်မများပါနဲ့။ အတွေးများရင် စိတ်လှုပ်ရှားတာကနေ ပျာယာပါခတ်တတ်ပါတယ်။ ဒီတော့ အဲလိုဖြစ်တာကသက်သာအောင် သက်တောင့်သက်သာရှိတဲ့ အနေအထားမျိုးနဲ့သာနေပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်လို့လဲ စိတ်ထဲမှာစဉ်းစားပါ။

ကြောက်ရွံ့တဲ့အခါ – ကြောက်တယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ ကြောက်စရာလို့ထင်မိတဲ့အရာတစ်ခုခုကို သိပ်အာရုံထားမိနေလို့ပါ။ ဒီတော့ ပျော်ရွှင်စရာ ကိစ္စတွေ ဒါမှမဟုတ် လုပ်စရာတစ်ခုခုကို စဉ်းစားလိုက်ပါ။ စိတ်က တစ်ခြားဆီကို အာရုံရောက်နေတဲ့အချိန်မှာတော့ ကြောက်စိတ်လျှော့သွားတတ်ပါတယ်။

အခြား စိတ်တည်ငြိမ်အောင်နေနိုင်မယ့် နည်းလမ်းတွေလဲ အများကြီးရှိဦးမှာပါ။ အဓိကကတော့ ကိုယ်ကိုယ်တိုင်က ကိုယ့်စိတ်ကိုယ် ထိန်းနိုင်တဲ့အစွမ်းရှိနေတယ် ဆိုတဲ့ ယုံကြည်ချက်ရှိနေဖို့ပါဘဲ။  ခံစားမှုကြောင့် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ဆုံးရှုံးမသွားဖို့ပါဘဲ။ အရာရာတိုင်းဟာ အကျိုးအကြောင်း ဆက်စပ်မှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို ဖြေရှင်းနိုင်ဖို့ စိတ်တည်ငြိမ်မှုရှိဖို့ အဓိကလိုအပ်တယ်လို့ စဉ်းစားရင်း ဘယ်လိုစိတ်တည်ငြိမ်အောင် ထားမလဲဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီးရေးဖြစ်သွားပါတယ်။

ကျွန်တော့အတွက်တော့ အတွေ့အကြုံ၊ ဗဟုသုတ၊ ခံစားချက်တွေလေးတွေကို သိသလောက်မှတ်သလောက် ဘလော့ပေါ်မှာ ပြန်ရေးတာက အာရုံအပြောင်းအလဲလေးဖြစ်ပြီး ကိုယ်တိုင်စိတ်တည်ငြိမ်မှုရတဲ့အပြင် စာဖတ်သူတွေအတွက်လဲ အကျိုးတစ်စုံတစ်ရာ ရရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

 
Leave a comment

Posted by on April 29, 2011 in Feeling

 

အကျင့်ဆိုး

အလုပ်လုပ်ရာဝယ် အစကသာရယ်

အဆုံးထိအောင်ပင် မကြံချင်တယ်

အားလျှော့တာရယ် ပေါ့လျော့တာရယ်

အဲဒါ အကျင့်ဆိုးတယ်..

အို တစ်ယောက်က ဒီလို တစ်ယောက်ဟိုလို

အမျိုးမျိုး အဖုံဖုံ ဂုဏ်ပြိုင်တယ်

နည်းလမ်း အပိုတွေ စည်းကမ်း မရိုသေ ရက်တွေ ကုန်ခဲ့တယ်။

ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ သံသရာရှည်လာတယ်

မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်

ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်။

(ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ်

ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်…

သေချာစွာ နောက်တစ်ထစ်မှတ်ကွယ် ကောက်ကျစ်တတ်တယ် ၀ါသနာရယ်

ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။

သူလုပ်တော့ အရာရာ မတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ်

အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ကွယ်

ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။)

အလိုက်မသိတာတွေရယ်…

ကိုယ့်အဖို့တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါတယ်ဒီဥာဉ်မျိုး အလွန်ဆိုးတယ်

ရှေးစကားတွေကို ပယ် ခေတ်အလိုက်တော့သူနားမလည်

ဆရာ့ကိုလည်း ပစ်ကာပယ် ဒီဥာဉ်မျိုး အလွန်ဆိုးတယ်

ကမ္ဘာမှလည်း ခေတ်မှီဖွယ် ကမ္ဘာမှလည်း ခေတ်မှီဖွယ်

မြန်မာနိုင်ငံကြီးကို တကယ် ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ

ဒီသီချင်းတေးနှယ် မနှေးဘဲ ပြုပြင်မယ်။

(နဂါးနီသီချင်းခွေမှ ရွှေတိုင်ညွှန့် ရေးသားတဲ့ အကျင့်ဆိုး ဆိုတဲ့သီချင်းစာသားပါ။)

24/04/2011 စင်ကာပူစာပေဟောပြောပွဲမှာ ဆရာချစ်ဦးညို အဓိပ္မာယ်ရှိရှိဆိုပြသွားတဲ့ သီချင်းလေးလဲဖြစ်ပါတယ်။

Download song mp3: http://www.mediafire.com/?psvkmjim6xjul66

 
Leave a comment

Posted by on April 24, 2011 in Feeling

 

愿望

爷爷,爸爸,妈妈,阿姨,哥哥,。。。我很想念你们。我今年虽然不能合家团聚,但是我很想跟家人团聚,和家人吃个团圆饭。

 
Leave a comment

Posted by on January 27, 2011 in Feeling

 

Missing you…

 
Leave a comment

Posted by on October 1, 2010 in Feeling

 

About to rain

 
Leave a comment

Posted by on April 19, 2010 in Feeling

 

Hobby

တရုတ်ပြည်က သူငယ်ချင်း တစ်ယောက်က ရွှေချည်ထိုး အကြောင်းလေ့လာချင်လို့ ဆိုတော့ ရွှေချည်ထိုးလုပ်ငန်း လုပ်ကိုင်တဲ့နေရာ၊ရောင်းချတဲ့နေရာတွေကို လိုက်ပြပေးရင်းနဲ့ mp 4 player နဲ့ ရိုက်ခဲ့တဲ့ ပုံအချို့ပါ။ ဝေဖန်ပေးပါဦး။

 
Leave a comment

Posted by on January 29, 2010 in Feeling

 

ဦးနှောက်သုံးပြီး ချစ်တဲ့နည်း

အချစ်၊ အချစ်လို့ ကိုယ်က ထင်နေပြီး ဆန့်ကျင်ဘက်လိင်အပေါ် စွဲစွဲလန်းလန်းနဲ့ စားလည်း သူ့စိတ်၊ အိပ်လဲ သူ့တွေး၊ ဝေးရင် သေမတတ်ခံစားနေရပြီး၊ ရင်ဘတ်ထဲမှာ ဆို့တို့တို့၊ နာတာတာ၊ အောင့်တောင့်တောင့် ဖြစ်လာပြီဆိုတာနဲ့ အဲဒါ အချစ်စစ် မဟုတ်ဘူးလို့ ယုံလိုက်ကြစေချင်ပါတယ်။ အချစ်စစ်က အဲသလို အိနြေ္ဒမမဲ့ဘူး၊ အသည်းအသန်မဖြစ်ဘူး။ ရင်ခုန်ချစ်က နေမင်းနဲ့တူရင် အချစ်စစ်က လမင်းနဲ့တူတယ်။ ရင်ခုန်ချစ်က မီးလျှံဆိုရင် အချစ်စစ်က စမ်းရေပါ၊ ရင်ခုန်ချစ်မှာ အတ္တရှိတယ်၊ အချစ်စစ်က အနတ္တ။ ဆိုလိုတာက ရင်ခုန်ချစ်က ကိုယ်တွက်ကို တွက်နေမိသလောက် အချစ်စစ်က ကိုယ့်တွက်လုံးလုံးမပါဘူး။ ချစ်နေရတဲ့ ခံစားမှုသက်သက်ကြောင့် တသိမ့်သိမ့်နဲ့ ငြိမ့်ငြိမ့်အေးအေးလေးရယ်။ …

အတ္တကျော် တွေးတောဆင်ခြင်မှုအနုပညာ စာအုပ်မှ ဦးနှောက်သုံးပြီး ချစ်တဲ့နည်း


 
1 Comment

Posted by on December 12, 2009 in Feeling

 

ကျွန်တော်နားလည်တဲ့ အချစ် (အစစ်)

တကယ်တော့ အချစ် (အစစ်) ဆိုတာ “ တစ်ဖက်သားဆီက တုံ့ပြန်ချစ်ကို လုံးဝထည့်တွက်မနေတော့ဘဲ ကိုယ့်ဖို့၊ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်လိုဘဆိုတာတွေ ကင်းစင်ပြီး သူ့ရဲ့ ပကတိအနေအထားကို လိုလိုချင်ချင် လက်ခံနိုင်စွမ်းရှိတဲ့၊ သူ့အတွက် သက်သက်ကိုသာ ခပ်ရဲရဲ စဉ်းစားပေးနိုင်စွမ်းတဲ့ စိတ်ခံစားမှု” သာဖြစ်ပါတယ်။ …

အတ္တကျော် တွေးတောဆင်ခြင်မှုအနုပညာ စာအုပ်မှ ကျွန်တော်နားလည်တဲ့ အချစ် (အစစ်)

 
Leave a comment

Posted by on December 11, 2009 in Feeling

 
 
Follow

Get every new post delivered to your Inbox.