RSS

Category Archives: C++ programming

C++ for Dummies

Download: C++ for Dummies

Download: C++ All in one for Dummies

 
Leave a comment

Posted by on September 2, 2010 in C++ programming

 

C++ How to program

Download here.

 
Leave a comment

Posted by on September 1, 2010 in C++ programming

 

Leap year calculation program

C++ နဲ့ ရက်ထပ်နှစ်ကို တွက်တဲ့ program လေးကိုရေးသားထားပါတယ်။ ကျနော်က ခုမှ C++ ကို စတင်လေ့လာသူ ဖြစ်တာကြောင့် အခုရေးထားတာထက် ပိုကောင်းတဲ့ နည်းလမ်းတွေလဲ ရှိနိုင်ပါတယ်။ program တစ်ခုမရေးမှီ program flow အကြောင်းကို စပြောပါ့မယ်။

ပထမအဆင့်အနေနဲ့ရက်ထပ်နှစ်ဟာဆိုရင် လေးနှစ်တစ်ကြိမ် ပုံမှန်ဖြစ်တယ်လို့ ကျနော်တို့ သိကြပါတယ်။ ဒီတော့ ကျနော်တို့ စဉ်းစားမယ်။ ကျနော်တို့ သိချင်တဲ့ခုနှစ်တွေကို “၄” နဲ့စားလို့ပြတ်ရင် အဲဒီနှစ်က ရက်ထပ်နှစ်ဖြစ်သွားပြီပေါ့။ မပြတ်ရင်တော့ ရက်ထပ်နှစ်မဟုတ်တော့ဘူး။ ဒီမှာ တစ်ခုစဉ်းစားစရာရှိလာတာက ရာစုနှစ် (နှစ် ၁၀၀) တစ်ခုကို ရက်ထပ်နှစ်ဖြစ်ချင်မှဖြစ်နိုင်ပါမယ်။ ပြောရရင် နှစ် ၁၀၀ ကို ၄ နဲ့စားလို့ပြတ်ပေမယ့် အဲဒီနှစ်ကို ရက်ထပ်နှစ်လို့ မသတ်မှတ်ပါဘူး။ Gregorian calendar ရဲ့စည်းမျဉ်းအရ နှစ်ပေါင်း ၄၀၀ ခြားစီသာ တစ်ကြိမ် ရာစုနှစ်တွေမှာ ရက်ထပ်နှစ်ဖြစ်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။

အဲဒါဆို ပထမအဆင့် ခုနှစ်က ၄ နဲ့စားပြတ်တယ်ဆိုပါစို့။ ရက်ထပ်နှစ်လို့ အကြမ်းဖြင်းသတ်မှတ်ထားတယ်။ ဒီနေရာမှာသိထားဖို့က ပထမအဆင့် ၄ နဲ့စားခြင်းက ခုနှစ် ၁ ကနေ ၉၉ ထိပဲအဖြေမှန်ထုတ်ပေးနိုင်တယ်ဆိုတာပဲ။ သူ့မှာ ရာစုနှစ်တိုင်း ရက်ထပ်နှစ်မဟုတ်ဘူးဆိုတဲ့အချက်ကို မသိသေးတဲ့အတွက် user က နှစ် ၁၀၀, ၅၀၀, ၁၅၀၀, … စတဲ့နှစ်တွေရိုက်ထည့်လာရင် အဖြေမှန်ထွက်မလာတော့ဘူး။ ဒီတော့ ဒုတိယအဆင့်အနေနဲ့ ရာစုနှစ်တိုင်းက ရက်ထပ်နှစ်မဖြစ်နိုင်ဘူးဆိုတော့ ၁၀၀ နဲ့ကောစားလို့ ပြတ်လား။ ၁၀၀ နဲ့စားလို့ပြတ်လားဆိုထည့်စဉ်းစားတာက user သိလိုတဲ့ခုနှစ်က  ရာစုနှစ်ထဲမှာဟုတ်မဟုတ်ကို စစ်လိုက်တဲ့သဘောပါ။ ဥပမာ ၁၀၃, ၂၆၀, ၄၈၀ … စသဖြင့် ဆယ်ဂဏာန်းအထက်တွေပေါ့။

၁၀၀ နဲ့စားတဲ့အဆင့်မှာပဲ မပြတ်ဘူးဆိုရင်တော့ သူကရက်ထပ်နှစ်ဖြစ်သွားပါပြီ။ သူက အစကတည်းက ၄ နဲ့စားပြတ်ထားပြီးသားလေ။ ၁၀၀ နဲ့စားလို့ပြတ်တယ်ဆိုရင် နောက်တစ်ဆင့်ထပ်စဉ်းစားရမယ်။ ၄၀၀ နဲ့ကော စားလို့ပြတ်လား။ သူက နှစ် ၄၀၀ ခြားစီတစ်ကြိမ် ရက်ထပ်နှစ်ဖြစ်သေးတယ်လေ။ ပြတ်တယ်ဆိုရင် ရက်ထပ်နှစ်၊ မပြတ်ဘူးဆိုရင် ရက်ထပ်နှစ် မဟုတ်တော့ဘူးပေါ့။

ဥပမာနဲ့ပြောရရင် user က နှစ် ၅၀၀ ကရက်ထပ်နှစ်ဖြစ်လားသိချင်တယ်။ ၅၀၀ ကို ၄ နဲ့စားလို့ပြတ်တယ်။ ဆယ်ဂဏာန်းအထက်ဖြစ်နေတဲ့အတွက် ၁၀၀ နဲ့ထပ်စားကြည့်မယ်။ ပြတ်သေးတယ်။ ၄၀၀ နဲ့ထပ်စားကြည့်မယ်။ မပြတ်တော့ဘူး။ အဲဒါဆို ရက်ထပ်နှစ်မဟုတ်ဘူး။ နောက်ထပ် ၂၀၀၀ ခုနှစ်ကို စဉ်းစားမယ်။ ၄ နဲ့ကော ၁၀၀ နဲ့အပြင် ၄၀၀ နဲ့ပါပြတ်တယ် ဆိုတော့ ၂၀၀၀ ခုနှစ်က ရက်ထပ်နှစ်ဖြစ်တယ်။ အခြားခုနှစ်တွေကိုလည်း အဲလိုစဉ်းစားတွက်သွားရုံပါပဲ။

key point ကိုပြောရရင် ရက်ထပ်နှစ်ဟာဆိုရင်

၁။ သိချင်တဲ့နှစ်က ၄ နဲ့စားလို့ပြတ်တယ် ၁၀၀ နဲ့စားလို့မပြတ်ဘူး သို့မဟုတ်

၂။ ၄၀၀ နဲ့စားလို့ ပြတ်တဲ့အခြေအနေမှာဆိုရင် ရက်ထပ်နှစ်ဖြစ်ပါတယ်။

အပေါ်က program flow တွေကို C++ နဲ့ရေးရင်တော့ အောက်ကအတိုင်းရေးပြီး compile လုပ်ရပါမယ်။ အဲဒါဆိုရင် ကျနော်တို့လိုချင်တဲ့ ခုနှစ်တစ်ခုရဲ့ ရက်ထပ်နှစ်ကိုတွက်ပေးတဲ့ .exe program ကိုရပါမယ်။ ကျနော်က Turbo C++ Version 3.0 နဲ့ရေးထားပါတယ်။

#include<iostream.h>

#include<conio.h>

int main()

{

clrscr();

int a;

cout<<”Please enter a year:”; cin>>a;

if ((a%4==0 && a%100!=0) || a%400==0) cout<<”\nIt is a leap year.”;

else cout<<”\nIt is not a leap year.”;

getch();

return 0;

}

 
Leave a comment

Posted by on December 30, 2009 in C++ programming

 
 
Follow

Get every new post delivered to your Inbox.